Skip to main content

Setup Your Account

Expa.AI မှကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ Expa.AI Platform ကိုလွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ဖော်ပြပေးထားတဲ့ လမ်းညွှန်လေးတွေ ကြည့်လိုက်ရအောင်နော်။

Connect with Facebook

Expa.Ai နဲ မိမိ Facebook အကောင့်ချိတ်ဆက် ကြည့်ရအောင်။

Login ၀င်မယ်

  • အရင်ဆုံး Facebook Page နဲ့ Expa Platform စတင်ချိတ်ဆက်ဖို့ dashboard.expa.ai ဆိုတဲ့ Link ကနေ Login ၀င်ပေးပါနော်။

    Expa Login

  • Facebook မှာ Login ၀င်ထားတဲ့ Account ရဲ့ Username မှန်မမှန်စစ်ပြီး Continue as ကိုဆက်နှိပ်ပေးပါ။

  • Account Change လုပ်ချင်တယ်ဆိုရင်တော့ Log into another account ကိုနှိပ်ပြီး ၀င်ပေးနိုင်ပါတယ်။

    Continue or Account change

Facebook Page နဲ့ချိတ်မယ်

  • Expa Chatbot နဲ့ ချိတ်လိုတဲ့ Facebook Page ကို Select လေးလုပ်ပေးပါ။ ပြီးရင်တော့ Next ကိုနှိပ်ပေးပါ။

    Connect with Page

  • ပြီးရင်တော့ပုံပါအတိုင်း Dashboard ကနေ အလွယ်တကူ Manage လုပ်နိုင်ဖို့ Yes တွေ On ထားပေးရမှာဖြစ်ပါတယ်။ အကုန်လုံးပြီးသွားပြီဆိုရင်တော့ Done ကိုနှိပ်ပေးရပါမယ်။

    Allow Expa

  • အခုဆိုရင်တော့ Expa ရဲ့ Chatbot ကိုအသုံးပြုဖို့ Facebook page နဲ့ ချိတ်ထားပြီးပြီဖြစ်ပါတယ်။ ထို့နောက် Ok နှိပ်ပြီး စတင်အသုံးပြုနိုင်ပါပြီ။

    Page Connected

  • ဒီနေရာလေးမှာတော့ ကျွန်တော်တို့ Expa Ai မှ ပြန်လည်ဆက်သွယ်ဖို့ရာ လူကြီးမင်းရဲ့ ဖုန်းနံပါတ်လေးရိုက်ထည့်ပီး Continue နှိပ်ပေးဖို့လိုပါတယ်။

    Add Your Pnone Number

Chatbot အသုံးပြုဖို့ New Project အသစ် Create လုပ်မယ်။

  • အခုဆိုရင်တော့ ကျွန်တော်တို့ Expa Platform ထဲရောက်သွားပြီးမြင်ရမယ့်ပုံစံလေးပဲဖြစ်ပါတယ်။

  • ဒီနေရာမှာ “+ Add New Project” ကို နှိပ်ပြီး Facebook Page အတွက် Project အသစ်တစ်ခု Create လုပ်နိုင်ပါပြီ။

    Create New Project

  • Project ရဲ့ နာမည်ကို ကြိုက်နှစ်သက်သလို ပေးနိုင်ပါတယ်။ ပြီးရင်တော့ Chatbot နဲ့တွဲဖက် အသုံးပြုလိုတဲ့ Facebook Page ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

  • Template မရွေးပေးပဲ None ကိုရွေးပေးလို့လည်း အဆင်ပြေပါတယ်။ ထို့နောက် Create နှိပ်ပေးလို့ရပါပြီ။

    Name a Project

  • အခုဆိုရင်တော့အသစ် Create လုပ်ထားတဲ့ Project ကိုမြင်ရမှာပဲဖြစ်ပါတယ်။

    Click Home Button

  • ပုံမှာပြထားတဲ့အတိုင်း Project အောက်က Home လေးကို နှိပ်ပေးပါ။

  • Home button လေး နှိပ်ပြီးသွားပြီဆိုရင်တော့ ပါဝင်တဲ့ module များအကြောင်းကို အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။

Expa.AI မှ Modules များအကြောင်း

  • Dashboard , Bot Builder, Automation , Live Chat , Customer Profiles , Survey Form , QR, Shortlink, Broadcast, Utilities , Project Settings ဆိုတဲ့ Modules တွေပဲဖြစ်ပါတယ်။

  • Dashboard မှာတော့ Chatbot စတင်ချိတ်တဲ့ အချိန်ကစပီး မိမိ Page ကို စကားလာပြောတဲ့ User တွေရဲ့ analytics data များ ကြည့်လို့ရနိုင်မယ့် Overview လေးပဲဖြစ်ပါတယ်။

  • အဲ့အပိုင်းလေးကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။

    Expa Dashboard