Skip to main content

Smart Reply (NLU)

Smart Reply (NLU) ဆိုတာကတော့ Automation ကိုနောက်တစ်ဆင့်မြှင့်ပေးမယ့် tool တစ်ခုလို့ပြောလို့ရပါတယ်။ ပုံမှန် chatbot နဲ့ကွာခြားမှုကတော့ NLU အသုံးပြုထားတဲ့ chatbot မှာဆိုရင် ပိုပြီး realistic ဖြစ်တဲ့ conversation တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ page အသုံးပြုသူ user တွေအနေနဲ့ button တွေနှိပ်စရာမလိုဘဲ မိမိသိလိုတာကို မေးမြန်းလိုက်တာနဲ့ လူသားတစ်ယောက်ကဲ့သို့ ချက်ချင်း reply လုပ်ပေးနိုင်ပါတယ်။

NLU စအသုံးပြုဖို့အတွက်ဆိုရင် ပထမအဆင့်အနေနဲ့ data စုဆောင်းဖို့လိုပါတယ်။ page ရဲ့ message box မှာ စကားလာပြောတဲ့ customer တွေ မေးလေ့မေးထရှိတဲ့ message ပုံစံအချို့ကို စုဆောင်းပြီး တူရာ category အရင်စုပါမယ်။

ပြီးရင်တော့ Ai bot ကို train ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အဆင့်တွေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

အောက်ကပုံလေးမှာပြထားတဲ့ Intents, Entities, Actions, Rules နဲ့ Stories တို့ကတော့ ဒီ tool လေးရဲ့ အဓိကအပိုင်း ၅ပိုင်းပဲဖြစ်ပါတယ်။

Smart Reply