Skip to main content

Actions

Action ဆိုတာဘာလဲ?

သတ်မှတ်ထားတဲ့ user message Intent အမျိုးအစားတွေအတွက်ပြန်လည်ဖြေပေးရမယ့် Action အဖြေတွေကို သတ်မှတ်ပေးရမယ့်နေရာဖြစ်ပါတယ်။
ဥပမာ user က ‘hi’ လို့ပြောပြီး နှုတ်ဆက်ရင် ပြန်နှုတ်ဆက်မယ့် စာတွေကို ဒီမှာ ထည့်ပေးရမှာပါ။
(သတိထားဖို့တစ်ခုက ဒီထဲမှာက ပြန်ပြောဖို့ စာတွေပဲထည့်ထားတာဖြစ်ပြီး user ပို့လိုက်တဲ့ message intent နဲ့ဒီ Actions ထဲက bot actions တွေနဲ့က မတွဲရသေးဘူးဆိုတာပါ။ ဒီလို intent နဲ့ action တွေတွဲနည်းကိုတော့ Rules နဲ့ Stories မှာ ဆက်ရှင်းပြပါမယ်)

Actions

Action တွေအသစ်ထပ်ထည့်ဖို့ဆိုရင်တော့ “Add New Action” ဆိုတဲ့ ခလုတ်လေးကိုနှိပ်ပြီးရင် အောက်ပါပုံအတိုင်း လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပေးပြီး “Create action” နှိပ်ကာ ‌Action အသစ် တွေထည့်ပေးနိုင်ပါတယ်။

Create Actions

1. Default Response ဘယ်လိုထည့်မလဲ?

Default Response ကိုရွေးလိုက်မယ်ဆိုရင်တော့ ပုံမှာပြထားတဲ့ Default Response ဆိုတဲ့ လေးထောင့်ကွက်လေးမှာပဲ Bot က ပြန်ဖြေစေချင်တဲ့ Action bot flow ကိုရွေးပေးနိုင်ပါတယ်။

Default Response

ဒီ Action အတွက် ဖြေမယ့်အဖြေကို Bot flow ထဲ ဆောက်ထားပြီးသားဆိုရင် Default response နေရာမှာ ရွေးပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ မဆောက်ရသေးရင်တော့ Bot flow ထဲ action သွားဆောက်ပေးပြီးမှ NLU Action ဘက်မှာ ပြန်လာချိတ်ပေးတာပိုကောင်းပါတယ်။ Bot Action ရဲ့ မည်သည့်နေရာကိုမဆို ခေါ်ယူအသုံးပြုလို့ရပါတယ်။
(ဥပမာ - text, image or carousel items)

Default Response Default Response

အားလုံးပြီးသွားရင်တော့ “Save Update” ဆိုတာကိုနှိပ်ဖို့လိုပါတယ်။

2. Specific Answer ဘယ်လိုထည့်မလဲ?

  • Specific Answer အတွက် “Conditional Responses” ဆိုတာလေးကို switch on လုပ်ပေးရပါမယ်။ ရိုးရိုး Default Response မှာတော့ switch off လုပ်ထားရပါမယ်။

  • switch on လုပ်လိုက်ပြီဆိုတာနဲ့ အောက်မှာအကွက်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီအကွက်ထဲမှာ ဖြည့်ပေးစရာအကွက် ၂ ခုထပ်ရှိပါမယ်။ ဒါကတော့ ပုံမှန် Default Response ကိုပဲ ဆန်းသစ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။

  • Entity မှာတုန်းက ထည့်ခဲ့တဲ့ Keyword တစ်ခုစီအတွက် သက်ဆိုင်ရာအဖြေတွေကို ဒီ Conditional Responses မှာ “+ Add AI Response” ဆိုတာကိုနှိပ်ပြီး တစ်ခုပြီးတစ်ခုထည့်သွားပေးရမှာပါ။

  • ပထမအကွက်မှာ Entity ကိုရွေးပြီး ဒုတိယအကွက်မှာတော့ သက်ဆိုင်ရာစာသားကိုထည့်လို့ ရပါတယ်။

  • Default Response မှာလို ဒီမှာလည်း Bot Action ကိုသုံးပြီး Bot flow ကနေလိုချင်တာကို ရွေးထည့်ပေးလို့ရပါသေးတယ်။ Specific Answer မှာတော့ အပိုထပ်ဆောင်းအနေနဲ့ Default Response ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။

  • Default Response ကတော့ Customer ပို့လိုက်တဲ့ Message မှာ ကိုယ်သတ်မှတ်ထားတဲ့ Entity မပါခဲ့ရင် automatic ပြန်ထုတ်ပေးမယ့်အဖြေကို ထည့်ထားပေးရတာဖြစ်ပါတယ်။

  • Default Response ကို ပုံမှန် General Answer ထည့်တဲ့အကွက်လေးထဲမှာပဲ Bot Action ရွေးပေးရပါမယ်။

    Conditional Response Conditional Response

အားလုံးထည့်လို့ပြီးသွားရင် “Save Update” ကိုနှိပ်ပေးပါ။