Skip to main content

Categories

Category ဆိုတာဘာလဲ?

Categories ဆိုတာကတော့ Customer တွေ မေးလေ့မေးထရှိတဲ့ မေးခွန်းအမျိုးအစားတွေကို ခေါင်းစဥ်ခွဲပြီး သတ်မှတ်ခြင်းဖြစ်ပါတယ်။

Training data တွေ မထည့်ခင် အရင်ဆုံး Customer တွေ ရဲ့ မေးခွန်းတွေထဲက တူရာ Category တွေ စုရပါမယ်။ ဥပမာ (Chitchat, General, Business) စသဖြင့် Category တွေ စတင်ဖန်တီးပေးဖို့လိုပါမယ်။ ဒါမှ နောက်ပိုင်း User message (Intent) ဖန်တီးတဲ့အခါ ဘယ် Category အောက်မှာ ထားမလဲဆိုတာ select ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Categories

Category ဘယ်လိုထည့်မလဲ?

Categories စထည့်ဖို့ အတွက် + Create Category ကို နှိပ်ပေးပါ။ ပြီးရင်တော့ Title မှာ Category နာမည် စိတ်ကြိုက်ထည့်ပေးနိုင်ပြီး Unique name ကတော့ Stories ပြန်ချိတ်ဆက်တဲ့အခါ ရွေးဖို့ပေါ်နေမှာပါ။

Create Categoriey
Create Categoriey

ပုံပါအတိုင်း Title မှာ စာလုံးအကြီးအသေး နဲ့ space တွေကို စိတ်ကြိုက်ထည့်လို့အဆင်ပြေပေမယ့်.. Unique name မှာကျတော့ အင်္ဂလိပ်အက္ခရာအသေးနဲ့သာ ရေးရမှာဖြစ်ပြီး space ခြားရမယ့်နေရာတွေမှာ underscore ‘_’ ကိုပဲ သုံးပေးဖို့လိုပါမယ်။ Category အတွက် Description ကတော့ Optional အနေနဲ့ ထပ်ထည့်လည်းရသလို မထည့်လည်းရပါတယ်။