Skip to main content

Entities

Entity ဆိုတာဘာလဲ?

Entity ဆိုတာနောက်တစ်မျိုးပြောရရင် keyword လို့ခေါ်ပါတယ်။ Intent ရဲ့ Training example data စာကြောင်းတွေထဲက Noun စကားလုံးလေးတွေလဲဖြစ်ပါတယ်။ User ရဲ့ message မှာပါမယ့် အရေးကြီးတဲ့ စကားလုံးလေးတွေကို ဒီ tab ထဲမှာ ကြိုတင် list လုပ်ပြီးထည့်ထားပေးလို့ရပါတယ်။ ဒီစကားလုံးလေးတွေက user ရဲ့ message မှာပါတဲ့ သူလိုချင်တဲ့အဓိကအချက်တွေနဲ့ ကိုက်ညီအောင် အလိုအလျောက်ပြန်ဖြေပေးချင်တာမျိုးအတွက် အသုံးဝင်ပါတယ်။
ဥပမာ။ ။ ရန်ကုန်၊ ကြည့်မြင်တိုင်၊ ကားအာမခံ၊ durian pizza၊ large size။

Entities မရှုပ်ထွေးအောင် General ကျတဲ့ အရာတွေ (Location , package) စသည်ကို Entities Title အဖြစ် သတ်မှတ်ပေးပါ။
ဥပမာ - Location ဆိုတဲ့ Title အောက်မှာ Yangon၊ Mandalay၊ Taunggyi စသဖြင့် Entities Example လေးတွေ ကိုယ့်စိတ်ကြိုက်သတ်မှတ်ပေးနိုင်ပါတယ်။ Package မှာဆိုရင်လည်း အလားတူ Standard, Pro, Premium စသဖြင့် Entities Example သတ်မှတ်ပေးနိုင်မှာပါ။

Entities Title ဆိုတာဘာလဲ? Entities Example ဆိုတာဘာလဲ? Synonyms ဆိုတာဘာလဲ?

အောက်ပါပုံမှာဆိုရင် -

  • Location သည် Entities Title တစ်ခုဖြစ်ပါတယ်။

  • Yangon သည် Location ဆိုတဲ့ Entities Title အောက်က Entities example တစ်ခုပဲဖြစ်ပါတယ်။

  • Yangon ရဲ့ဘေးမှာ ဆိုရင် ygn, rgn, ရန်ကုန်, Rangoon, Yangon စတဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်တူ တစ်ခုတည်းကို ရည်ညွှန်းနေတာကြောင့် တစ်နည်းအားဖြင့် Synonyms ဟူ၍ ခေါ်နိုင်ပါတယ်။

    Location Examples

Entities ဘယ်လိုထည့်မလဲ?

‘Please enter entity name’ ဆိုတဲ့ box လေးမှာ Entity Title စတင်ထည့်ဖို့ title name ရေးပီး Add ကိုနှိပ်ပေးပါ။

Add Entity

Values မှာဆိုရင် Branch Entity Title အတွက် example (synonyms) စကားလုံးစာရင်းတွေ (Yangon/ Mandalay/ Taunggyi) ကို “Add New Example” ခလုတ်ကိုနှိပ်ပြီး စတင်ထည့်ပေးလို့ရပါပြီ။

Entity Value

Entity Example ထည့်ပြီးသွားရင်တော့ သူ့ဘေးက Box မှာ Synonyms တွေ စာရိုက်ထည့်နိုင်ပါတယ်။

Entity Synonyms