SOP (Agent Reply)
Conversation တွေကို reply စာပြန်လိုတဲ့အခါ Human agent နဲ့ Ai bot ၂ခါ စာဖြေမိတာမျိုး မရှုပ်ထွေးအောင် Open (ခလုတ်) နှိပ်ပြီး Ai bot ကို ခေတ္တရပ်တန့်စေနိုင်မှာဖြစ်ပါတယ်။
Conversation ပြောပြီးတဲ့အခါ မှာလည်း Resolved (ခလုတ်) နှိပ်ပြီး Mark as pending နှိပ်ပေးပါက Ai bot ပုံမှန်အတိုင်း စာပြန်ဖြေမှာပါ။
Resolved ခလုတ်နှိပ်ပြီးပါက Mark as pending နှိပ်ပေးပါ။ ဒါမှ နောက်ပိုင်း customer စကားထပ်လာပြောခဲ့သည်ရှိသော် အရင်က ဒီ conversation ကို assign ယူထားခဲ့တဲ့ Agent အဟောင်းဆီမှာ Noti ပြ၍ Assign ထပ်လာပေါ်မှာဖြစ်ပါတယ်။
ဒါကြောင့် Livechat မှာ Assign ယူပီး reply ပြန်ဖြေမယ့် Agent တွေအနေနဲ့
- ပထမဆုံး Conversation ကို စကားစပြောတာနဲ့ > Open
- Customer နဲ့ စကားပြောပီးပီဆိုပါက > Resolved > Mark as pending တို့ကို အစဥ်လိုက်နှိပ်ပေးဖို့လိုပါမယ်။
ဒါမှ နောက်ပိုင်း customer မှ စကားထပ်လာပြောခဲ့သည်ရှိသော် အရင်က ဒီ conversation ကို assign ယူထားခဲ့တဲ့ Agent အဟောင်းဆီမှာ noti ပြ၍ Assign ပြန်ဖြစ်မှာဖြစ်ပါတယ်။
ဒီ စကားထပ်လာပြောတဲ့ Conversation ကို reply နောက်တစ်ခါစာပြန်လိုတဲ့အခါ Reopen နှိပ်၍ reply ပြန်နိုင်မှာဖြစ်ပါတယ်။ ထို့နောက် စကားပြောပီးပီဆိုပါက > Resolved > Mark as pending တို့ကို အစဥ်လိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။