Skip to main content

Auto Reply အသုံးပြုပုံ

အောက်မှာပြထားတဲ့ ပုံလေးကတော့ Automation မှာပါတဲ့ auto reply ပုံစံ နမူနာလေးပဲဖြစ်ပါတယ်။

Auto Reply

Auto reply ထဲမှ User Message Contains ၏ အသုံးဝင်ပုံ

  • အပေါ်ပုံထဲမှာပါတဲ့ User message contains ဆိုတာကတော့ customer ဘက်ကနေပြောနိုင်တဲ့ စကားလုံးတွေ ဥပမာ- Hi, Hello, Mingalar pr စသဖြင့် အပြောများတဲ့ စကားလုံးတွေကို မိမိတို့ Bot ဘက်မှာထည့်ထားလို့ရမယ့် နေရာလေးပဲ ဖြစ်ပါတယ်။

Auto reply ထဲမှ Bot Replies ၏ အသုံးဝင်ပုံ

  • Bot replies ဆိုတာကတော့ မိမိတို့ Page ကိုစကားလာပြောတဲ့ Customer တွေကို Bot ဘက်မှ ပြန်ဖြေပေးတဲ့ ပုံစံလေးပဲဖြစ်ပါတယ်။ ဥပမာ User message contains ဆိုတဲ့ Box လေးထဲမှာ ထည့်ထားတဲ့ Hi, Hello, Mingalar pr ဆိုတဲ့အတိုင်း Customer ဘက်မှ ပြောလာခဲ့လျင် မိမိတို့ ကြိုက်နှစ်သက်ရာစာလုံးများကို ၎င်း Bot replies box လေးထဲမှာ ပုံသေထည့်ထားပေးရမှာပဲ ဖြစ်ပါတယ်။
  • နမူနာအနေဖြင့် Customer ဘက်မှ Hi,Hello ဆိုပြီးပြောလာခဲ့ပါက ‘ဟုတ်ကဲ့ ဘာများကူညီပေးရမလဲရှင့်’စသဖြင့်မိမိတို့စိတ်ကြိုက်ထည့်ထားလို့ရနိုင်ပါတယ်။
  • ထိုသို့ထည့်ထားခဲ့မည်ဆိုပါက Customerများ စကားလာပြောပြီ ဆိုသည်နှင့် တစ်ပြိုင်နက် bot ဘက်မှ ပြန်ပြောပေးတာမျိုးပဲ ဖြစ်ပါတယ်။
  • Bot replies ထဲမှာတော့ စာလုံးရေ 2000 ထိရိုက်နိုင်ပါတယ်။

Delete key

Auto reply မှာပါဝင်သည့် Delete Key ၏ အရေးပါပုံ

1.Delete key -
ပုံမှာပြထားတဲ့ အမှိုက်ပုံးပုံစံ delete key လေးကတော့ မတော်တဆ မှားပြီးနှိပ်မိနိုင်ပါတယ်။ အဲဒီ key လေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ မိမိတို့ ဆောက်ထားတဲ့ Auto reply box ကြီးတစ်ခုလုံး ပျက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်သေချာလေးဂရုစိုက်ဖို့တော့ လိုပါတယ်။

Auto reply ထဲမှ Test နှင့် Action များ အကြောင်း

2.Test နှင့် Action -
Box လေးအောက်မှာပါတဲ့ Respond with ဆိုတဲ့ function လေးမှာတော့ Text နဲ့ Action ဆိုပြီး button လေးနှစ်ခုရှိမှာဖြစ်ပါတယ်။ Text ဆိုတာကတော့ မိမိတို့စိတ်ကြိုက် စာများရိုက်ထည့်လို့ရမှာဖြစ်ပြီး Action ဆိုတာကတော့ bot flow ထဲမှ သတ်မှတ်ထားတဲ့ action name တစ်ခုကို ချိတ်ဆက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Auto reply ထဲမှ save button ၏ အသုံးဝင်ပုံ

3.Save -
ပုံထဲမှာပြထားတဲ့ No.3 ဆိုတဲ့ save button လေးကတော့ မိမိတို့ဘက်မှ စိတ်ကြိုက် bot ထဲမှာစာတွေကို ရိုက်ထည့်ပြီးလို့ သေချာပြီဆိုရင် နှိပ်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီ buttonလေးကို မနှိပ်ထားဘူးဆိုရင်တော့ မိမိရဲ့ bot မှာစာတွေစိတ်ကြိုက်ဘယ်လောက်ပဲ ထည့်ထားထားcustomer ဘက်က စကားလာပြောပြီဆိုရင် bot ဘက်ကစကားပြန်ပြောမှာ မဟုတ်ပါဘူး။ Save ဆိုတဲ့ ခလုတ်လေးကိုနှိပ်မှသာ မိမိထည့်ထားသည့်စာများ အကျုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် save button လေးကိုနှိပ်ဖို့ မမေ့ပါနဲ့နော်။