Skip to main content

Project Dashboard

Introduction:

Facebook Page တွေမှာ insight ရှိသလိုမျိုး Expa Chatbot မှာလဲ Dashboard ဟာ အရေးကြီးတဲ့အပိုင်းအနေနဲ့ ပါဝင်ပါတယ်။ Messenger Insight လို့ပဲ ခေါ်ရပါလိမ့်မယ်။

Project Info မှာတော့ Project Name, ကိုယ်သုံးထားတဲ့ Plan (Free/Paid)၊ ချိတ်ထားတဲ့ Page နာမည်တွေကို သိနိုင်ပါတယ်။ Page တွေ Project တွေတစ်ခုထပ်ပိုရှိခဲ့ရင် အခု ဘယ် Project ကို ဖွင့်ထားတယ်ဆိုတာ အမှတ်မမှားနိုင်တော့ပါဘူး။

Expa Dashboard

Conversations အသစ်တွေ ဘယ်လောက်ရှိတယ်၊ ပုံမှန်လည်ပတ်နေကျ Conversations တွေ Chat sessions တွေဘယ်လောက်ရှိနိုင်တယ်ဆိုတာသိနိုင်မယ်။ ပြီးတော့ တစ်လအတွင်းMessage အရေအတွက်တွေဘယ်လောက်ရခဲ့လဲဆိုတာကိုပါ အတိအကျသိရမှာပဲဖြစ်ပါတယ်။

User ဘက်က Message ဘယ်နှစောင်ပို့ခဲ့လဲ/ bot ဘက်ကရော message ဘယ်လောက်ပို့ထားလည်း ဆိုတာတွေကို ကိန်းဂဏန်းတွေနှင့်တကွ အတိအကျသိရမှာပါ။ နောက်ပြီး တစ်လအတွင်း ဘယ်နေ့ဘယ်ရက်တွေမှာ Active Conversations တွေ အများဆုံးဖြစ်ခဲ့လဲဆိုတာကို hour အလိုက် week အလိုက် Graph နှင့်တကွ သေချာဖော်ပြပေးမှာပဲဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ထို message များနှင့် ပို့ခဲ့တဲ့အချိန်ကာလများကို လေ့လာသုံးသပ်ပြီး ကိုယ် run နေတဲ့ campaign နှင့် ပြန်လည်ချိန်ကိုက် လေ့လာစမ်းစစ်နိုင်ကာ ROI ကိုလည်း စိတ်တိုင်းကျ ခန့်မှန်းတွက်ချက်နိုင်မှာပဲ ဖြစ်ပါတယ်။

Date Filter

Overview က data တွေကို Date to date ရွေးကြည့်နိုင်မှာဖြစ်သလို Date to date ရွေးမယ့်အစား အလွယ်တကူနှိပ်ကြည့်လို့ ပိုအဆင်ပြေအောင် This Month, Last 28 Days, Last 14 Days, Last 7 Days, Yesterday ဆိုပီးလဲထည့်ပေးထားပါသေးတယ်။

Choose Date

Active Conversations: By Hour နဲ့စမ်းစစ်ခြင်း

တစ်လအတွင်း ဘယ်နေ့ဘယ်ရက်တွေမှာ Active Conversations တွေ အများဆုံးဖြစ်ခဲ့လဲဆိုတာကို Graph နဲ့ သေချာသိနိုင်ပါမယ်။ Graph ကိုကြည့်ခြင်းဖြင့် ဘယ်အချိန်က message တွေအများဆုံးတက်ခဲ့လဲဆိုတာ ပြန်ချိန်ကိုက် လေ့လာစမ်းစစ်ပြီး ROI ပိုင်း ကိုခန့်မှန်းတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

Active Conversation Graph

User Activity (Daily, Weekly, Monthly) နဲ့စမ်းစစ်ခြင်း

Daily, Weekly, Monthlyမှာ User တွေ Pageကို အများဆုံး Active ဖြစ်တဲ့အချိန်လည်း တွေ့နေရမှာဖြစ်လို့ Facebook Page အတွက် Boost ချင်တဲ့အခါဖြစ်ဖြစ် Marketing Campaign run ချင်တဲ့အခါ ဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် Re-target ပြန်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ ပုံလေးကိုကြည့်ခြင်းဖြင့် အသေးစိတ်သိရှိနိုင်ပါတယ်။

User Activity Graph

Unique customer's chat sessions များ လေ့လာခြင်း

မိမိ page ကို စကားလာပြောတဲ့ Customer တွေအနေနဲ့ အများဆုံးပြောလေ့ရှိတဲ့ Chat Session ကတော့ ဘယ်လောက်ရှိမယ် စတဲ့ Behavior ကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

Chat Sessions Graph

Download Report (Bot Analytics) အသုံးပြုပုံ

See in Conversation Stats.