Skip to main content

Broadcast Message

Introduction:

Broadcast Message ကတော့ Page ကိုစကားလာပြောတဲ့ User တွေကို တစ်ပြိုင်နက် Message တွေ ပို့လို့ရနိုင်တဲ့ Broadcast Feature ပုံစံ ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်ချင်းစီ လိုက်ပို့နေစရာမလိုဘဲ အချိန်ကုန်သက်သာ မြန်ဆန်စေမှာပါ။

Customer တစ်ဦးချင်းဆီအလိုက် ခွဲခြားထားတဲ့ Label တွေကို ရွေးချယ်ပြီး Promotion Message များနှင့် Follow-up Message များလည်းပေးပို့နိုင်ပါတယ်။ Broadcast ပို့မယ့် Flow ကို Bot Flow Module ထဲမှာ သွားရောက်၍ Bot Builder ကဲ့သို့စိတ်ကြိုက်ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်။

One-Time Noti အသုံးပြုပြီး Broadcast ပို့မယ်

  • Broadcast မလုပ်ခင် ပထမဆုံး မိမိ Page ရဲ့ Settings > Advanced Messaging > Requested Features မှာ One-Time Notification ဘေးက Request ခလုတ်လေးနှိပ်ပြီး Facebook ဘက်က Permission တောင်းဖို့လိုပါမယ်။

    One-Time Noti

  • One-Time Notification ဘေးမှာ အမှန်ခြစ်ပေါ်ရင်တော့ ကျွန်တော်တို့ စပြီး Broadcast အတွက် Flow ကို ဆောက်လို့ရပြီပဲဖြစ်ပါတယ်။

  • Broadcast Message လက်ခံမယ့် User တွေအတွက် Bot Builder ထဲက One-Time Noti ခလုတ်ကို အသုံးပြုပြီး Flow အသစ်တစ်ခုထပ်တည်ဆောက်ပေးရပါမယ်။ Bot Home ရဲ့ စစတက်ချင်းနေရာ သို့မဟုတ် မိမိ ထားစေလိုတဲ့ flow နေရာအတိအကျမှာ One Time Noti ခလုတ်တည်ဆောက်နိုင်မှာပါ။

  • Facebook မှ ပြောင်းလဲလိုက်တဲ့ Policy အရ Bot Flow မှ “Notify Me” ခလုတ်ကို နှိပ်ထားတဲ့ User တွေကိုသာ One-Time Broadcast ပို့လို့ရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ “Notify Me” button ကို User တွေ ကျော်မသွားအောင် Content အနေနဲ့ Text စာလုံးရေ 65 လုံးအထိ ထည့်ပေးထားနိုင်ပါတယ်။

    Notify Me Button Broadcast Messages

Create New Broadcast အသစ်ဆောက်မယ်

  • Create New Broadcast ကိုနှိပ်ပြီး Broadcast Message တစ်ခု အရင် ဖန်တီးပေးရပါမယ်။ သတိပြုရမှာကတော့ (၁)ကြိမ် ပို့ပြီးသား Broadcast Message ကို နောက်တစ်ခါ ပြန်ပို့ခွင့်တော့မရှိပါဘူး။ အသစ်တစ်ခုဖန်တီးပြီး ပို့မှပဲရနိုင်မှာဖြစ်ပါတယ်။

    New Messenger Broadcast

  • Edit me ... နေရာမှာ ကိုယ်ပို့မယ့် Broadcast message နာမည်ကို စိတ်ကြိုက်ရေးနိုင်ပါတယ်။

    Broadcast Message Name

  • Select Bot Action မှာတော့ Bot Flows တည်ဆောက်ထားတဲ့ထဲက မိမိ ပို့လိုတဲ့ Action Name ကိုရွေးပေးရမှာပါ။

    Select Bot Action

  • Gender (Male/ Female) ခွဲပြီးတော့လည်း ရွေးချယ်ထားနိုင်ပါတယ်။

Broadcast မပို့ခင် Customer Filter သတ်မှတ်မယ်

  • Choose a different filter မှာ Broadcast ပို့လိုတာအတွက် Customer Filter လုပ်ပေးနိုင်ပါတယ်ခင်ဗျာ။

    Choose a Different Filter

  • Choose a different filter ကိုနှိပ်ပြီးရင်တော့ ညာဘက်ထောင့်က Filter ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးပါ။

    Customer Filter

  • အခုဆိုရင် Gender အနေနဲ့လား Subscribe စလုပ်တုန်းက Date အနေနဲ့လား သို့မဟုတ် Advanced Label ( Botflow ကသီးသန့် label တပ်ထားတဲ့ Flow ကို နှိပ်သွားတဲ့ Customers) တွေလား.. Survey form ကို ဖြည့်သွားတဲ့ Customer တွေကိုပဲ Filter မလား.. ဒါမျိုး Filter ပီး Broadcast အတွက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

    Customer Filter

  • Filter ရွေးပြီးပြီဆိုရင်တော့ Search ကိုနှိပ်ပေးပါ။

  • Total results: နေရာမှာ အသစ် filter လိုက်တဲ့ Customer အရေအတွက်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

  • Select all profiles ရဲ့ ဘေးမှာ select မှတ်ပေးပါ။
    ပြီးပါက Segment Customers ကိုနှိပ်ပီး Name နေရာမှာ စိတ်ကြိုက်နာမည်ပေးပြီး Save နှိပ်ပေးပါ။

    Select All Profiles Filters Currently Applied

  • Segment Customers မှာ Save ပြီးပါက Filter ကို ပြန်နှိပ်ပေးပါ။ Saved ထဲက Profiles Filter မှာ ရွေးချယ်ပီး Apply လုပ်ပေးပါ။

    Saved Profiles Filter

  • Profile filters ကို Apply လုပ်ပြီးပါက Customer filter ရဲ့ အောက်ဆုံးက Apply filter ကို နှိပ်ပေးပါ။

    Apply Filter

Schedule လေး ကြိုပြင်ဆင်ထားမယ်

  • Schedule the broadcast အတွက် Button လေး On ပေးရမှာဖြစ်ပီး Date & Time ကြိုတင် Schedule လုပ်ထားလို့လည်းရမှာဖြစ်ပါတယ်။

    Schedule the Broadcast

  • ပြီးရင်တော့ Save button လေးကိုနှိပ်ပြီး Save ထားပေးလို့ရပါပြီ။

  • Schedule မလုပ်ပဲ Broadcast ချက်ချင်းပို့လိုပါက Save ကို နှိပ်ပေးပါ။ ထို့နောက် Send ခလုတ်ကိုနှိပ်ပြီး Broadcast စတင်ပို့နိုင်ပြီပဲဖြစ်ပါတယ်။

    Social Media Brocasting